ခတ်

Definitions

  1. ထုနှက်သည်။ တီးသည်။ ရိုက်ပုတ်သည်။
  2. ပေထက်တင်၍တူဖြင့်ခတ်လျှင်။ပါရာ။ ၆၇။
  3. 1.beat of strike.
  4. ကန်သည်။
  5. ‌ခြေဖြင့်အိပ်သော ယောက်ျားကို ခြေနှင့်ခတ်၍ နှိုးမှ။ ဏိပုံ။ ၆၂၃။
  6. kick.
  7. ဦးချိုဖြင့်တိုးဝှေ့သည်။
  8. ရုက္ခစောင့်နတ် ၊ ကျွဲနှယ်ခတ်၍၊ သတ်လိမ့်လျှင်လျှင်။ဥမ္မာ * ၈၁။
  9. 3.toss.
  10. ‌ရှေ့နောက်ဝဲယာ ထက်အောက် အကြိမ်ကြိမ်လှုပ်သည်။
  11. လက်အုပ်ချီခြင်း ၊ ခရီးဦးကြိုဆိုခြင်း ၊ ယပ်ခတ်ခြင်း။ စတု ၊ စ။ ၂၃၈။
  12. 4.flutter; fan; flap.
  13. ဝင်းခြံ၊ ဘောင် စသည်တို့ဖြင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်သည်။
  14. ဆယ်တန်ပရိယတ်၊ စည်းခတ်ပိုင်းခြား၊ ငါ့တရားကို။ ပါမီ*၁၃၉။
  15. 5.fence in; hedge (fence);wall in.
  16. လှော်ခတ်သည်။
  17. သမ္ဗန်ခတ်သည် ။
  18. 6.row;paddle.
  19. ပစ်သည်။
  20. ငှက်ခတ်သမားသည် ငှက်တို့ကို ပိုက်နှင့်ခတ်လေရာ ငုံးငါးရာကို ပိုက်တွင်မိ၏။ ပညတ်။ ၅၀။
  21. 7.shoot.
  22. make a dig or jibe at others.
  23. ထည့်သည်။
  24. ဆားခတ်သည်။ မျက်စဉ်းခတ်သည်။ အဆိပ်ခတ်သည်။
  25. 9.put in.
  26. ရိုပ်နှိပ်သည်။ ရေးခြစ်သည်။
  27. တံဆိပ်ခတ်။ ကြက်ခြေခတ်။
  28. 10.stamp(with a seal);mark(with a cross).
  29. မြြဲမံစွာချုပ်နှောင်သည်။
  30. သော့ခတ်သည်။ ထူးခတ်သည်။ လက်ထိတ်ခတ်သည်။
  31. 11.secure, clap on (lock, fetters, etc).
  32. (အပြစ်ဒဏ်ကို)ရယူစေသည်။
  33. ဒဏ်ခတ်သည်။
  34. 12.impose, slap on (fine, penalty, etc).

မြန်မာဝစ်ရှင်နရီ

0