ခဲ

Definitions

  1. သိပ်သည်းမာကျောသွားသည်။ အစိုင်အခဲဖြစ်သွားသည်။
  2. သွေးခဲသည်။ ရေခဲသည်။ MED။ 57။
  3. 1. coagulate, congeal; solidify; freeze.
  4. စုဝေးပြွတ်သိပ်သည်။
  5. ဘုရားပွဲ၌လူများခဲနေသည်။ သကြားမှာပုရွက်ဆိတ်များခဲနေပြီ။ MED။ 57။
  6. 2. be crowded; be swarming.
  7. မြေတုံးငယ်။ ကျောက်တုံးငယ်။
  8. ချုံထဲခဲပစ်ပြုသောအကြောင်းလည်းရှိပါသည်။ ညာကျော်။ ၆၀။
  9. 1. stone.
  10. အစိုင်အခဲ။ အခဲ။
  11. သကြားခဲ၊ ထန်းလျက်ခဲ။ MED။ 57။
  12. 2. solidified lump.
  13. ပြုလေ့ဖြစ်လေ့မရှိသော၊ ကြာမြင့်သော၊ ခက်ခဲသောအနက်ဖြင့် ကြိယာကို ထောက်ပံ့သောစကားလုံး။
  14. အရက်သောက်ခဲသည်။ ရေဆူခဲသည်။ တက်ခဲသည်။ TCMD။ 43။
  15. particle suffixed to a verb to denote rarity, uncertainty, or tardiness in its occurrence.
  16. ပျော့ပျောင်းလေးလံသောသတ္ထုတစ်မျိုး။
  17. ဒီပိုက်လုံးတွေခဲနဲ့လုပ်ထားသလား။ ကြေးနီနဲ့လုပ်ထားသလား။ SEMD။ 752။
  18. 1. lead (metal).
  19. ခဲတံ၌အဆံအဖြစ်ထည့်ရသောဂရပ်ဖိုက်။
  20. ခဲ၊ ခဲတံခဲ၊ ဂရပ်ဖိုက်။ SEMD။ 569။
  21. 2. graphite (used in making lead-pencils).
  22. သွား၊ နှုတ်သီးစသည်တို့ဖြင့်ကိုက်ထားသည်။
  23. ဆေးပြင်းလိပ်ခဲသည်။အံခဲသည်။ MED ။57။
  24. 1.bite,clamp,sth between the teeth, Cench(jaws).
  25. အားတင်းသည်။
  26. ဘုရားသို့သွားရန်အားခဲထားသည်။MED ။57။
  27. 2.be bent on doing sth, be determined to do sth.

မြန်မာဝစ်ရှင်နရီ

0