စုတ်

Definitions

  1. စက္ကူအဝတ်စသည်ကွဲပြတ်သည်။
  2. တစ်စုံတစ်ခုကြောင့်အပေါ်ရေစုတ်၍လန်၍သွားသောအခါ။ ပဏ်။ ၅၄။
  3. tear;be torn.
  4. စုတ်ဖွာနေသော။ ဟောင်းနွမ်းစုတ်ပြတ်နေသော။
  5. အထည်စုတ်ကို၊ အထုပ်ပြု၍။ ရာမ၊ ပ။ ၁၅။ ဝက်သားနှင့်ငါးပိဖုတ်၊ တဲစုတ်နှင့် ရွှေနန်းဆောင်။ ပုည၊ ၁။ ၁၀၂။
  6. torn;tattered;ragged.
  7. အမွေးအမှင်တို့ကိုစုစည်းပြုလုပ်ထားသော ပန်းချီဆွဲသည့် ကိရိယာ။
  8. ကျော်လှသည့်ပန်းချီ၊ အနီအဝါ၊ အပြာ၊ အညို့၊ ဆေးစုတ်နှင့်တို့၍။ မွေ့။ ၃၉။
  9. 1.brush(for painting).
  10. မင်ကြောင်စသည်ထိုးနှံသော အသွားခွဲစိတ်ထားသည့်သံချွန်။
  11. မြွေကိုက်၍နာသည်ဆိုသောနေရာကိုစုတ်နှင့်ထိုး။ ထိုးကွင်းကို စုတ်နှင့် ထိုးကြသည်။
  12. 2.tattooing iron.
  13. ဂါထာ၊ မန္တန်တို့ကိုအထပ်ထပ်ရွတ်ဆိုသည်။
  14. သုံးဆယ့်ခုနစ်အုပ်၊ ဩောင်းထပ်၍ စုတ်လိုက်လျှင်။ ပုည၊ ၂။ ၅၈။
  15. intone.
  16. ကောင်းသောလက္ခဏာများစုံသောကာလအပိုင်းအခြားတစ်မျိုး။
  17. အကြွင်း ၄၊ ၅၊ ၆၊ ၀ တို့မှာ မြိတ္တ၊ လာဘ၊ ဝရ၊ သိဒ္ဓိဟု သိလေ။...စုတ်ကောင်းဖြစ် သည်။ သိဒ္ဓိ၊ ပ။ ၁၅။
  18. 1.period associated with a number of good portents.
  19. ရဖွယ်ရှိသောလင်၊ မယား။ နှစ်သက်မြတ်နိုးအပ်သောအရာ။
  20. ဇာတာစန်းလက်ကောင်းသည်။ ... စုတ်ဝင်ဖို့ရှိသည်။ ရတနာဆိုက်ဖို့ရှိသည်။ လက်စွဲ။ ၂၀၉။
  21. 2.marriage.
  22. press forward forcibly.

မြန်မာဝစ်ရှင်နရီ

0