တောက်

Definitions

  1. မီးအလျှံထသည်။
  2. မီးပြင်းတောက်တုန်းကို။ ရာမ၊ ပ။ ၄၇။
  3. 1. blaze; glow.
  4. တဖိတ်ဖိတ်တောက်သည်။ တလက်လက်တောက်ပသည်။ လင်းထိန်သည်။
  5. လေးဂါဝုတ်မြောက်၊ ရောင်တော်တောက်၏။ နာနာ*၁၃။
  6. 2. glitter; sparkle; shine.
  7. လင်းထိန်သော။ ပြောင်လက်သော။
  8. ပတ္တမြားလျှံတောက်၊ စိန်ရွဲကျောက်လည်း။ ဇပျို့*၂၂။
  9. bright; shining; glowing; sparkling.
  10. အဆိပ်သင့်သည်။
  11. မှိုတောက်တတ်MED။ ၁၇၅။ သစ်သီး၊ သစ်ပွင့်တို့ကို စားသောက်မိ၍ တောက်သောအနာ။ ကုထုံး။ ၂၆၃။
  12. 1. suffer from toxicity; be poisoinouns.
  13. (ကား၊ လှည်း)စသည်ကိုစီး၍ မူးမော်သည်။
  14. ကားတောက်။ လှည်းတောက်။ လေယာဉ်ပျံတောက်၍ မူးတူးမှိုင်တိုင်ဖြစ်နေခြင်းကြောင့်။ ကိုယ်စိတ်။ ၂၈။
  15. 2. be sick.
  16. လက်ချောင်းများဖြင့်ခတ်၍ တစ်စုံတစ်ရာကို လွှင့်စဉ်စေသည်။
  17. ရေတင်နေသော အပေါ်အင်္ကျီကို လက်နှင့်တောက်ပစ်လျက် ရှိသည်။ စိတ်။ ၂၀။
  18. 1. flick (counters or things).
  19. ရေကိုလက်ချောင်းဖျားနှင့်ဆွတ်၍ခါပက်သည်။
  20. မျက်စဉ်းကို ရေနှင့်သွေး၍ လက်နှင့်တောက်။ ရူကု။ ၂၅၉။
  21. 2. sprinkle water with fingers.
  22. 3. sound; sound out (opinions of others).
  23. (ပိုးကောင်)ကိုက်ဖောက်သည်။
  24. အဝတ်အစားများကို မတောက်စေရန်။ စွယ်ကျမ်း။ ၆။ ၁၄၉။
  25. 4. be eaten (by moths).
  26. (သမင်)အော်သည်။
  27. သမင်တောက်သံ၊ ချေဟောက်သံနှင့်။ ဝေပျို့*၄၂။
  28. (of a deer) cry.
  29. တစ်ဖက်ပိတ်ဝါးဆစ်ကဲ့သို့ အခေါင်းအပေါက် ရှိသော ထည့်စရာတစ်မျိုး။ ကျည်။ ကျည်တောက်။
  30. ဝါးကျည်တောက်၌ ထည့်၍ထားအပ်ကုန်သော မုန်ညင်းစေ့။
  31. short.

မြန်မာဝစ်ရှင်နရီ

0