ထည်

Definitions

  1. ခံ့ညားပေါ်လွင်သည်။တင့်တယ်သည်။
  2. မိန်းမကြီး၊မိန်းမငယ်၊မိန်းမထည်သန်၊ဝတ်ဟန်ထုံးဖွဲ့။ မွေ့။၂၄။ ငွေနားဘတ်ကျယ်၊ရှုတိုင်းငယ်ထည်။ ညွန့်ပေါင်း၊စ။၂၄၄။
  3. 1. be grand.
  4. မာနကြီးသည်။ ဟိတ်ဟန်ထုတ်သည်။ သွေးကြီးသည်။ ကြီးကျယ်သည်။
  5. ရွှေမျက်နှာမလှည့်ဘဲမုန်းသည့်ပုံနှယ်၊အပုံကြီးမထည်ပါနှင့်။ စကား၊ပ။ ၁၄၃။
  6. 2. be proud; be high and mighty.
  7. ရွှေ၊ငွေ၊သံ၊ဖန်စသည်ဖြင့်ပြုလုပ်ထားသောပစ္စည်း။
  8. ရွှေထည်ငွေထည်၊ ထွေလည်ရိုးရဲ၊ အဖိုးခဲသည်။ ကိန္နရီ * ၁၈။
  9. 1. material form; material; ware; article.
  10. ချည်၊ ပိုးစသည်ဖြင့်ရက် လုပ်ထားသောအဝတ်။ အထည်။
  11. ချည်ထည်များဖြစ်ရန်အတန်တန်ကြိုး စားရက်လုပ်နေရသောအခါ။ သမိုင်း၊ ပ။ ၃၁။
  12. 2. fabric; textile.
  13. အဝတ်အထည်ကိုရေတွက်ရာတွင်သုံးသောစကားလုံး။
  14. အင်္ကျီလေးထည်၊ ပုဆိုးငါးထည်။
  15. numerical classifier used in counting articles of clothing.

မြန်မာဝစ်ရှင်နရီ

0