မှန်

Definitions

  1. နောက်ကျော၌ပြဒါးသုတ်ထား၍ အရိပ်သဏ္ဌာန် ထင်ရှားမြင်သာ သောဖန်သားအချပ်။
  2. ကျောက်ခုံပါကိုယ်လုံးမြင်မှန်ကြီးတစ်ချပ်။ ကုန်း၊ တ။ ၂၂၅။
  3. 2.mirror.
  4. ကြည်လင်သောဖန်သားအချပ်။
  5. ဖန်ရောင်မှန်ရောင်၊ အလျှံလောင်သား။ ဘိရူ*၉၇။
  6. 1.glass.
  7. အရှိန်နှင့်ထိသည်။
  8. လေးကြိမ်မြောက်သောမြားသည်ခြင်္သေ့မင်းသို့မှန်၍သေလျှင်။ ဏိပုံ။ ၃၈၉။
  9. 2. be hit.
  10. အစဉ်ဖြစ်မြဲအတိုင်းဖြစ်သည်။
  11. မိုးကောင်းရွာဝှန်၊ နှစ်တိုင်းမှန်၍။ ဘူလင်*၃၂။ မောင်မောင်သည် အတန်းထဲတွင် ကျောင်းတက်မှန်သောကလေးတစ်ဦးဖြစ်သည်။
  12. 1.be regular; be punctual.
  13. မမှားယွင်းသော။ မလွဲသော။ ဖြောင့်မတ်သော။ မှန်ကန်သော။
  14. မှန်တဲ့စကားကိုသာပြောတယ်။ ပြည်တိ။ ၄၃။
  15. right; correct; true.

မြန်မာဝစ်ရှင်နရီ

0