လည်

Definitions

  1. သတ္တဝါတွင် ဦးခေါင်းနှင့် ကိုယ်ဆက်ရာအပိုင်း။ လည်ပင်း။
  2. သားငယ်တို့ကို လည်၌ ဖက်၍ ငိုကြွေး၏။ တိုးပွား။ ၂၂။
  3. neck.
  4. ကျွမ်းကျင်တတ်မြောက်သည်။
  5. မြန်မာရည်လည်သည်။ MED။ 452။
  6. 9. be well-versed in.
  7. ပါးနပ်သည်။
  8. ဒီကလေးတော်တော်တတ်တယ်။ သိပ်လည်တာပဲ။
  9. 8. sharp; shrewd.
  10. (ငွေအဝင်အထွက်) အဆင်ပေြသည်။
  11. ငွေစက္ကူဖောင်းကြွမှုကြောင့် ငွေမလည်ဖြစ်ခဲ့ရသည်။ ခေတ်ဟောင်း။ ၇၉၈။
  12. 7. have ready cash.
  13. မူလအခြေအနေသို့ ပြန်ရောက်သည်။
  14. လူနာသတိလည်လာပြီ။
  15. 6. revert to; regain.
  16. မူလနေရာသို့ တစ်ကျော့ပြန်၍ ဆိုက်သည်။
  17. စကားပြောရင်းလည်နေသည်။ MED။ 452။
  18. 5. go round in circles.
  19. အနှံ့ကြားရောက်အောင်ပြုသည်။
  20. ‌ေမာင်းကြေးနင်းလည်စေ၏။ မှန်၊ ပ။ ၂၄၆။
  21. 4. make a rounds.
  22. လှည့်ပတ်သွားလာသည်။
  23. မြို့လည်သည်တွင်။ ဓိပုံ။ ၂၂၂။
  24. 3. make a round of visits.
  25. စက်၊ လုပ်ငန်းစသည် ဆောင်ရွက်သည်။ လုပ်ကိုင်သည်။ လှုပ်ရှားလည်ပတ်သည်။
  26. တန်တစ်ရာ ဆန်စက်ကြီးစတင်လည်ပြီ။
  27. 2. (of mills) be running; be working.
  28. တစ်စုံတစ်ရာကို ဗဟိုပြု၍ ပတ်သည်။
  29. အပြောကျယ်စွာသော ဝဲလည်သကဲ့သို့။ ဏိကုဏ်၊ ၁၂၉။
  30. 1. revolve; rotate; spin.

မြန်မာဝစ်ရှင်နရီ

0